စိန်တစ်လုံးသရက်သီးများ ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီဖြစ်

Powered by Drupal

       ပြည်မြို့၏ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေးကွက်အတွင်း အသီးအနှံမျိုးစုံ၊ အသီးအရွက်မျိုးစုံရောင်းဝယ်လျက်ရှိကြရာ ရာသီစာ သစ်သီးဝလံတစ်မျိုးဖြစ်သော စိန်တစ်လုံးသရက်သီးများလည်း ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်းသိရပါသည်။ ပြည်မြို့နယ်၊ အနီးကျေးရွာများဖြစ်သော နတ်တလင်း၊ မြောင်းငယ်လှ၊ ဇီးအုပ်နှင့် အောင်မြေမာဒေသများရှိ ခြံကွက်များတွင် စိန်တစ်လုံးသရက်သီးများကိုစိုက်ပျိုးကြပြီး ထွက်ပေါ်လာသည့်အခါ ပြည်မြို့မဈေးကြီးနှင့် အောင်မင်္ဂလာဈေး၊ ကသည်းဈေး၊ ကိုးသောင်းဈေးနှင့် မြို့သစ်ဈေးများတွင် ရောင်းချမှုများရှိကြပါသည်။ ယခုဈေးကွက်အတွင်း ဝင်ရောက်လာသော စိန်တစ်လုံးသရက်သီးများမှာ မန္တလေးဘက်မှဝင်ရောက်ခြင်းဖြစ်ပြီး ပေါ်စအချိန်ဖြစ်သည့်အတွက် အမြောက်အမြားဝင်ရောက်ခြင်းမရှိသေးဘဲ အနည်းငယ်သာဝင်ရောက်မှုရှိကာ ၂၀၂၄ခုနှစ်၊ မေလ ပထမပတ်ဈေးနှုန်းအနေဖြင့် သရက်သီးအရွယ်အစားပေါ်မူတည်၍ ၁၀၀၀ကျပ်မှ ကျပ်၁၅၀၀ကြား ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်နေကြသည်ဟုသိရှိရပါသည်။

DOCA(ပဲခူး)