ကန့်ဘလူခရိုင်ဦးစီးမှူးရုံးတွင် မြေအောက်ရေတင်စနစ်ဖြင့် စားဖိုဆောင်သီးနှံများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိမှုအခြေအနေ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်ချက်၊ ခရိုင်ဦးစီးမှူး၏ညွှန်ကြားကြီးကြပ်မှုတို့ဖြင့် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းမိသားစုများ စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေရန်အလို့ငှာ ဒေါ်ဝေဝေအောင်က ဆောင်းရာသီ စားဖိုဆောင်သီးနှံများကို တစ်နိုင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးထားကြောင်းသိရှိရပါသည်။

    ထိုသို့စားဖိုဆောင်သီးနှံများကို စိုက်ပျိုးထားရှိရာတွင် ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီပြီး ရာသီအလိုက် သီးနှံများဖြစ်သည့် ခရမ်းပင်၊ ချဉ်ပေါင်ပင်၊ ကန်စွန်းပင်၊ ပဲတောင့်ရှည်ပင်၊ ဖရုံပင်၊ ဘူးပင်၊ ငရုတ်ပင်နှင့် ရုံးပတီသီးပင်များကို မြေအောက်ရေတင်စနစ်ဖြင့် ကိုယ်တိုင်စိုက်ပျိုးထားရှိကာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးသုံးစွဲခြင်းမရှိသည့်အတွက် ဘေးအန္တရာယ်ကင်းရှင်းကာ လတ်လတ်ဆတ်ဆတ်ခူးဆွတ်စားသုံးရပြီး  ဝန်ထမ်းမိသားစုဝင်များ၏ စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေပြီး ကန့်ဘလူခရိုင်စုပေါင်းရုံးအတွင်းရှိ အခြားဌာနဝန်ထမ်းမိသားစုများကိုလည်း ပေးကမ်းဝေငှခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

   ဆက်လက်၍ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးဝန်ထမ်းမိသားစုများအနေဖြင့် ရာသီအလိုက် စိုက်ပျိုးရသော စားဖိုဆောင်သီးနှံမျာကိုလည်း တစ်နိုင်တစ်ပိုင်နှင့် တတ်အားသ၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)