စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ၂၀၂၄ခုနှစ်၊ မေလ ပထမပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် ငွေကျပ်၃၉၀၀၀၀၀၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် ငွေကျပ်၂၆၀၀၀၀၀နှင့် ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၁၃၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ငွေကျပ်၁၂၀၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်လျှင် စပါးဈေးမှာ အနည်းငယ်မြင့်တက်နေပြီး ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြာင်း၊ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးသို့ ဆန်အိတ်ရေ ၁၅၀၀အိတ်နှင့် ရန်ကုန်တိုင်းဒေသကြီးသို့အိတ်ရေ ၁၀၀၀၊ စုစုပေါင်း ၂၅၀၀အိတ်၊ တန်အားဖြင့် ၁၂၅တန်စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)