မေလ(ပထမပတ်)တွင် ပခုက္ကူမြို့၌ဖြစ်ပေါ်နေသော မန်ကျည်းသီးမှည့်ဈေးကွက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် အစေ့လွတ်နှင့် အစေ့ပါ မန်ကျည်းသီးမှည့်များ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

         ၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)တွင် မန်ကျည်းသီးမှည့်ဈေးနှုန်းများမှာ မန်ကျည်းသီးအစေ့ပါ တစ်ပိဿာလျှင် ကျပ် (၂၇၁၀)၊ မန်ကျည်းသီး(အသစ်)အစေ့မပါ လက်ကားတစ်ပိဿာလျှင် ကျပ် (၅၀၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ် (၅၅၀၀)၊ မန်ကျည်းသီး(အဟောင်း)အစေ့မပါ လက်ကားတစ်ပိဿာလျှင်ကျပ် (၂၅၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ် (၃၀၀၀) ရှိကြောင်း၊ ယခင်ဧပြီလ (ပထမပတ်) ထက်ဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပခုက္ကူမြိုု့တွင် မန်ကျည်းသီးမှည့်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး အစေ့ပါနှင့် အစေ့လွတ်မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် လှောင်လက်သမားများက ဝယ်ယူကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များမှ မန်ကျည်းသီးအချဉ်ရည်များပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည်လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီလုပ်ငန်းရှင်များကလည်း အများအပြားဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိပြီး ပူပြင်းသောနွေရာသီသို့ ရောက်ရှိသောကြောင့် ကျန်းမာရေးနှင့်ညီညွတ်သည့် မန်ကျည်းသီးမှည့်များကို ဝယ်ယူသုံးစွဲမှုများလျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)