![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/စားအုန်းဆ.jpg?itok=VPb7h80K)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ပေါ်တွင် စားသုံးဆီလက်လီလက်ကား အရောင်းဆိုင်(၁၅)ဆိုင်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်) တွင် စားသုံးဆီဈေးနှုန်း အနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဆုံပဲဆီသန့် တစ် ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ စက်ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ပဲစက်ကျဆီတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀မှ ၉၅၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ နှမ်းရောဆီတစ်ပိဿာလျှင် ကျပ်(၈၀၀၀-၉၅၀၀-၁၂၀၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရှိရပါသည်။
ယခင် ဧပြီလ(ပထမပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲ/နှမ်းဆီဈေးနှုန်းများမှာ တစ်ပိဿာ လျှင် ကျပ်(၁၀၀၀)ခန့်၊ ပဲရော၊ နှမ်းရောဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးနှုန်းမြင့် တက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။
DOCA(မကွေး)