![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/115_19.jpg?itok=-wIl8RDY)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီ စိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်သော ကပိုင်၊ ကန်တွင်း၊ ရေပုပ်၊ လိပ်ခြံ၊ ချတောက်ရွာသစ်၊ ကူရှည်ရွာမ၊ အလယ်စုကျေးရွာများနှင့် ပွင့်ဖြူ၊ စလင်းနှင့် ပခုက္ကူနယ်ဒေသများမှ ကုန်စည်အများဆုံးဝင်ရောက်လျက်ရှိပြီး မတ်လ(ပထမပတ်)တွင် တစ်ရက်လျှင် ကြက်သွန်နီပိဿာ (၁)သိန်းခွဲမှ ပိဿာ(၂)သိန်းထိ တစ်ပတ်အတွင်း ကုန်ချိန်(၈၀၀၀၀၀)ခန့်ဝင်ရောက်ကြောင်း၊ ပင်စိုက်နွေကြက်သွန်နီများမှာ ပြည်ပအဝယ်လိုက်၍ ဈေးကွက်သို့ ဝင်ရောက်မှုများကြောင်း ဈေးကွက်မှသိရှိရပါသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)တွင် ကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ် (၂၁၀၀-၂၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အလတ်စတစ်ပိဿာလျှင် ကျပ်(၁၈၀၀-၁၇၀၀)၊ အသေးစတစ်ပိဿာလျှင် ကျပ်(၁၆၅၀-၁၆၀၀)ဖြစ်ကြောင်း၊ ယခင်ဧပြီလ (စတုတ္ထပတ်) နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအတက်အကျမရှိဘဲ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
ကုန်စည်စီးဆင်းမှုအနေဖြင့် ကြက်သွန်နီကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်ပိဿာ (၄၀၀၀၀၀)၊ မြဝတီမြို့သို့ ကုန်ချိန်ပိဿာ (၃၀၀၀၀၀)၊ ပြည်မြို့သို့ ကုန်ချိန်ပိဿာ (၅၀၀၀၀)၊ ပုသိမ်မြို့သို့ ကုန်ချိန်ပိဿာ (၅၀၀၀၀)၊ စုစုပေါင်းကုန်ချိန်ပိဿာ (၈၀၀၀၀၀)၊ တန်ချိန်အားဖြင့် (၁၃၀၆)ခန့်စီးဆင်းကြောင်း၊ ပြည်ပပို့ကုန်အဖြစ် ဆိပ်ဖြူကြက်သွန်နီများကို မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယမ်နမ်နိုင်ငံများသို့ နေ့စဉ်တင်ပို့လျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)