ကရင်ပြည်နယ်ဒေသထွက် မကျည်းရွက်နုဈေးနှုန်း

Powered by Drupal

     ၂၀၂၄ ခုနှစ်၊  မေလ ဒုတိယပတ်တွင် နွေရာသီစာ ဟင်းရွက်ဖြစ်သည့် ကရင်ပြည်နယ် ဒေသထွက်မကျည်းရွက်နုများ ဈေးကောင်းရလျက်ရှိနေကြောင်း သတင်းရရှိသည်။

     မကျည်းပင်သည် အသီး၊ အရွက်၊ အခေါက်စသည်ဖြင့် တစ်ပင်လုံးအသုံးဝင်ပြီး ယခုလို နွေရာသီတွင် မကျည်းရွက်နုများကို အသုပ်သုပ်၍ဖြစ်စေ၊ ဟင်းရည်ချက်၍ဖြစ်စေ၊ စားသုံးပေးပါက ခံတွင်းတွေ့ပြီး ထမင်းမြိန်စေကာ စားလို့ကောင်းရုံတာမက ကျန်းမာရေးကိုလည်းအထောက်အကူပြုပေးနိုင်ပါသည်။ မကျည်းရွက်နုကို တစ်ပိဿာ လက်ကား (၅၀၀၀)ကျပ်၊ လက်လီ (၁၀)သား (၆၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ကရင်)