မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ပြောင်းဖူးစေ့ စိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူကျွန်း၊ ကျွန်းများ၊ မြစ်ခြေနယ်များဖြစ်သော နန်းတော်ရပ်၊ မြင်းဝန်း၊ ငကျော်၊ ဘဲကြီး၊ အောင်သာ၊ ညောင်ပင်အုပ်စုကျေးရွာများ မှ ပြောင်းဖူးစေ့(CP)အများအပြားစိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ ပခုက္ကူဒေသထွက်သာမက အခြားဒေသ များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပခုက္ကူကုန်စည်ဒိုင်မှ သိရှိရပါသည်။
ယခင်တစ်ပတ်က ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းမှာ ဧပြီလ (ပထမပတ်)တွင် တစ်တင်းလျှင် ကျပ် (၁၅၆၀၀)၊ ဧပြီလ(တတိယပတ်)တွင် တစ်တင်းလျှင် ကျပ် (၁၆၂၀၀)၊ ဧပြီလ (စတုတ္ထပတ်) တွင် တစ်တင်းလျှင် ကျပ် (၁၆၂၀၀)ဖြစ်၍ မေလ(ပထမပတ်)မှစ၍ တစ်တင်းလျှင် ကျပ် (၁၆၇၀၀ မှ ၁၇၀၀၀)ထိ တက်နေကြောင်း ၊ အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ တစ်နေ့လျှင် အိတ် (၅၀ မှ ၂၀၀) ထိအရောင်းအဝယ်ဖြစ်ပြီး ယခုမေလ(ပထမပတ်)တွင် အစေ့ထုတ် (CP)ပြောင်းဖူးစေ့များ ပြည်ပအဝယ်လိုက်၍ ဈေးတက်ကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)