မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်ဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် ငရုတ်သီးခြောက်အမျိုးမျိုး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်လျက်ရှိသော ငရုတ်သီးများမှာ ပန်းရဲ၊ မြှားနီ၊ မယ်သီ၊ ကာမာလာ၊ ညောင်တော၊ မိုးမျှော်ငရုတ်သီးတို့ဖြစ်ပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။
ငရုတ်သီးခြောက်အမျိုးအစားကိုလိုက်၍ ဈေးနှုန်းများလည်း ကွာခြားလျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ပန်းရဲ(ခေါ်)ပလပ်သီးမှာ တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၅၀၀၀)၊ မြှားနီ (မယ်သီ)တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ကာမာလာငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၆၀၀၀-၆၅၀၀)၊ ညောင်တောသီး တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ မိုးမျှော်သီးတစ်ပိဿာလျှင် ကျပ်(၉၀၀၀-၉၅၀၀)ဖြစ်ပြီး ငရုတ်သီးခွဲခြမ်း တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငရုတ်သီးအနုမှုန့် တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငရုတ်သီးစိမ်း တစ်ပိဿာ လျှင် ကျပ်(၅၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုနှစ်များတွင် တောင်သူများမှ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ကုန်အဝင်နည်းခြင်းတို့ကြောင့် အရောင်းအဝယ်အသင့်အတင့်ဖြစ်နေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)