မေလ ဒုတိယပတ်တွင် ကုလားပဲ(V2)ဈေးအနည်းငယ်ကျ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ‌

      မတ်လ ဒုတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ကုလားပဲ(V2)များ စတင်ဝင်ရောက်ခဲ့ကြောင်း၊ မေလ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ကုလားပဲ(V2)တစ်တင်းလျှင် (၇၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀)တင်း/ (၉)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲ(V2)တစ်တင်းလျှင် (၇၉၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ကုလားပဲ(V2)တစ်တင်းလျှင် (၁၅၀ဝိ/-)ကျပ်ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊ ယခုအပတ်တွင် ကုလားပဲ(V2)များ လက်ကျန်နည်း၍ ဝင်ရောက်မှုနည်းပါးသော်လည်း ဝင်ရောက်သမျှ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)