ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်တွင် ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

        ကန့်ဘလူ၊ ကျွန်းလှတို့တွင် ၂၀၂၄ခုနှစ်၊ မေလ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည်လျှင် ကျပ်၅၅၀၀၊ ဧရာမင်း (အသစ်)တစ်ပြည်လျှင် ကျပ်၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ အကြီး/အသေးနှင့် အမျိုးအစားပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ်(၂၈၀၀/၂၅၀၀)၊ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)အကြီးတစ်ပိဿာလျှင် ကျပ်၁၂၀၀၀၊ အလုံးအသေးတစ်ပိဿာလျှင် ကျပ်၁၀၀၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ်၁၂၀၀၀၊ ချင်းတစ်ပိဿာလျှင် ကျပ်၁၀၀၀၀၊ အာလူးအသေး/အကြီးအမျိုးအစားအလိုက် တစ်ပိဿာလျှင် ကျပ်(၂၃၀၀/၂၅၀၀)၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်၁၂၀၀၀၊ ကုလားပဲဆံတစ်ပိဿာလျှင် ကျပ်၆၅၀၀၊  ကုလားပဲဆန်တစ်ပြည်လျှင် ကျပ်၈၅၀၀၊ စွန်တာနီပဲ လုံးကြားတစ်ပြည်လျှင် ကျပ်၅၂၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

    ကန့်ဘလူ၊ ကျွန်းလှတို့၏ အသီးအရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး(ထိုင်ဝမ်) တစ်ပိဿာလျှင် ကျပ်(၁၈၀၀/၂၀၀၀)၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်၁၅၀၀၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ ပန်းဂေါ်ဖီ အသေး/ အကြီးပေါ်မူတည်၍ တစ်ပွင့်လျှင် ကျပ်(၂၀၀၀/၂၅၀၀)၊ ဂေါ်ဖီထုပ် အသေး/ အကြီးပေါ်မူတည်၍ တစ်ထုပ်လျှင် ကျပ် (၁၀၀၀/၁၂၀၀)၊ ခါကြက်ဥ ဗမာတစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ခါကြက်ဥ တရုတ်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ပဲသီးတောင့်ရှည်တစ်စည်းလျှင် ကျပ်၂၀၀၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ်၁၀၀၊ ချဉ်ပေါင်ရွက်တစ်ပုံလျှင် ကျပ်၂၀၀၊ ဆူးပုတ်ရွက် တစ်စည်းလျှင် ကျပ်(၁၀၀)၊ မန်ကျည်းရွက်နုတစ်ပုံလျှင်  ကျပ်၂၀၀၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၂၀၀/၁၅၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

    ကန့်ဘလူ၊ ကျွန်းလှတို့၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(ဗမာ/cp) တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀/ ၂၀၀၀၀) ၊ ဝက်သားတစ်ပိဿာလျှင် ကျပ်၁၈၀၀၀၊ အမဲသားတစ်ပိဿာလျှင် ကျပ်၁၆၀၀၀၊ ငါးကြင်းအကောင်လိုက်တစ်ပိဿာလျှင်  ကျပ်၉၅၀၀၊ ငါးကြင်းခုတ်သားတစ်ပိဿာ လျှင်ကျပ်၁၄၀၀၀၊ တီလားဗီးယားငါး အကောင်သေးတစ်ပိဿာလျှင် ကျပ်၆၀၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၈၀၀၀၊ ကြက်ဥတစ်လုံးလျှင် ကျပ် (၂၅၀/၃၀၀)၊ ဘဲဥတစ်လုံးလျှင် ကျပ်၄၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

  ကန့်ဘလူ၊ ကျွန်းလှတို့၏ စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် ကျပ်၁၅၀၀၀၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်၆၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။

        ၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများအား ယခင် ၂၀၂၄ခုနှစ်၊ မေလ ပထမအပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက အခြားအခြေခံစားကုန်ဈေးနှုန်းများဖြစ်သည့် ဆန်၊ဆီ၊ ဆားဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး၊ ကြက်သွန်ဖြူဈေးနှုန်း၊ ငါးဈေးနှုန်းများမှာ အနည်းငယ် လျော့ကျလျက်ရှိပါသည်။ အသီးအရွက်ဈေးနှုန်းများဖြစ်သည့် ခါကြက်ဥ၊ ပန်းဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ခရမ်းချည်သီးဈေးနှုန်းများမှာ  အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ကန့်ဘလူမြို့၊  မြို့မစည်ပင်သာယာဈေးအတွင်း ဈေးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)