ကန့်ဘလူမြို့၌ မေလ ဒုတိယပတ်တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

        ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိသည်။

     ၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၅၀၀)ကျပ်၊ မြစ်ကြီးနားမှထွက်ရှိသော ခွန်စိမ်း (ရိုးရိုး) (၁)ဖီးလျှင် (၂၀၀၀)ကျပ်၊ ပန်းသီး (အိတ်စွပ်) (၁)လုံးလျှင် (၂၀၀၀)ကျပ်၊ ပန်းသီး(ရိုးရိုး) (၁)လုံးလျှင် (၁၀၀၀)ကျပ်၊ ကျောက်စိမ်းဖရဲသီးလျှင် (၁)လုံးလျှင် (၃၀၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊ မက်မန်းသီး (၁) ပိဿာလျှင် (၅၀၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၅၀၀)ကျပ်၊ ဆန်းကစ်လိမ္မော်သီး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ စိန်တလုံးသရက်သီး(၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချရသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခင်အပတ်ထက် စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၁၀၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်ကာ  ကျောက်စိမ်းဖရဲသီး (၁)လုံးလျှင် (၅၀၀)ကျပ်၊ ဆန်းကစ်လိမ္မော်သီး(၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး ကျန်သစ်သီးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)