စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးTalk Show ပြုလုပ်

Powered by Drupal

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၈.၂.၂၀၂၂ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးTalk Show ပြုလုပ်ခဲ့ပါသည်။

           အဆိုပါ Talk Show ပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန် များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များတို့ ရှင်းလင်းဆွေးနွေးခဲ့ပြီး ၂၀.၁၂.၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အရ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစားနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရန်၊ ကုန်စည်၏ အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သည့် ပိဿာ၊ ကျပ်သားတို့ဖြင့် ဖော်ပြရန်နှင့် ညွှန်ကြားချက်စတင်ထုတ်ပြန်သည့်နေ့မှစ၍ (၆) လပြည့်မြောက်ပြီး သည့်နေ့တွင် အာဏာသက်ရောက်မည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန                          

ကချင်ပြည်နယ်