မကွေးတိုင်ဒေသကြီးအတွင်း ဆန်ဈေးနှုန်းများတည်ငြိမ်လျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရပါသည်။ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မြို့သစ်၊ တောင်တွင်းကြီးမြို့တို့တွင် ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ မေလ(၆)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း စပါးဈေးနှုန်းများမှာ ဧရာပဒေသာ(၁)တင်းလျှင် ကျပ်(၃၈၀၀၀-၃၉၀၀၀)၊ မနောသုခ(၁)တင်းလျှင် ကျပ်(၂၅၀၀၀) ဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၇၅၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၆၇၀၀၀)၊ မနောသုခ ကျပ်(၁၁၀၀၀၀)၊ ရတနာတိုး ကျပ်(၇၅၀၀၀)၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၆၇၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၄၀၀၀၀)၊ မနောသုခ ကျပ် (၁၀၀၀၀၀)၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၆၀၀၀၀)၊ ဧရာပဒေသာ ကျပ် (၁၂၀၀၀၀)၊ မနောသုခ ကျပ်(၉၃၀၀၀)၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၇၅၀၀၀)၊ ဧရာပဒေ သာ ကျပ်(၁၄၂၀၀၀)၊ မနောသုခ ကျပ်(၉၃၀၀၀)၊ ရတနာတိုး ကျပ်(၈၀၀၀၀)၊ ချောက်ခရိုင် တွင် ပေါ်ဆန်းမွှေး ကျပ်(၁၇၂၈၀၀)၊ ဧရာပဒေသာ ကျပ်(၁၆၅၀၀၀)၊ မနောသုခ ကျပ်(၉၅၀၀၀)၊ ရတနာတိုး ကျပ်(၇၈၀၀၀)၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၄၅၀၀၀)၊ မနောသုခ ကျပ်(၉၅၀၀၀)၊ ရတနာတိုး ကျပ်(၇၈၀၀၀)၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် (၁၇၀၀၀၀)၊ ဧရာပဒေသာ ကျပ် (၁၆၀၀၀၀)၊ မနောသုခ ကျပ်(၁၁၀၀၀၀)တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဆန်ဈေးနှုန်းမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကျန်ဆန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ သင်္ကြန်ကာလအပြီးတွင် ဆန်အရောင်းအဝယ်မှာအေးလျက်ရှိကြောင်း သိရှိရပါသည်။

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့၂၀၂၄ခုနှစ်၊ မေလ(၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ အခြား တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်(၁၇၇၉၅)အိတ်၊ မန္တလေးတိုင်းဒေသကြီးမှ ဆန်(၆၂၀)အိတ်၊ ပဲခူးတိုင်းဒေသကြီးမှ ဆန် (၁၂၇၅) အိတ်၊ စုစုပေါင်းဆန် (၁၉၆၉၀)အိတ်၊ (၉၈၄.၅)တန်စီးဝင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)