အထက်မင်းလှမြို့၏ ဆန်ဈေးနှုန်းအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်သည် စိုက်ပျိုးရေးဒေသဖြစ်သော်လည်း စပါးစိုက်ဧကနည်းပြီး ဆန်မှာအခြားတိုင်းဒေသကြီးများမှ ဝယ်ယူတင်သွင်းရသောဒေသဖြစ်ပါသည်။ မင်းလှမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ ရေဦးမြို့နှင့် မကွေးတိုင်းဒေသကြီး မကွေးမြို့၊ မင်းဘူးမြို့၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ ပုသိမ်မြို့၊ မြောင်းမြမြို့၊ မြန်အောင်မြို့၊ ကြံခင်းမြို့၊ ဟင်္သတမြို့တို့မှ ဆန်အိတ်များ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် အထက်မင်းလှမြို့၌ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော ဆန်ဈေးနှုန်းများမှာ ဧရာပဒေသာဆန် ရွှေပိုးအိမ်(၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ စိန်ရတီ(စိမ်း) တစ်အိတ်လျှင် ကျပ်(၁၇၅၀၀၀)၊ ကုန်းဇောင်း(ဟောင်း)တစ်အိတ်လျှင် ကျပ် (၁၆၅၀၀၀)၊ မနောသုခ(ဟောင်း) တစ်အိတ်လျှင် ကျပ်(၁၁၅၀၀)၊ ပေါ်ဆန်း(ရွှေဘို) တစ်အိတ်လျှင် ကျပ်(၁၅၆၀၀၀)၊ ရက်(၉၀)ဆန်တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ ပေါင်းဆန် ကျပ်(၆၀၀၀၀)၊ ဧရာပဒေသာ(သစ်) ကျပ်(၁၄၅၀၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ဆန်တစ်အိတ်လျှင် ကျပ်(၁၅၀၀-၅၀၀၀) ဈေးမြင့် လာပြီး ဆန်သစ်များပေါ်ထွက်လာသော်လည်း ဆန်ဟောင်းဈေးမှာ သယ်ယူစရိတ်မြင့် တက်လာခြင်း၊ ဆန်စက်များ၏ စက်ဆီစရိတ်မြင့်မားမှုတို့ကြောင့် ဆန်ဈေးနှုန်းမှာ အတက်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အမှတ်(၉)ရပ်ကွက်နေ ဆန်ရောင်းချသည့် ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)