
ပေါင်မြို့နယ်၏ ထွက်ကုန်သီးနှံတစ်မျိုးဖြစ်သည့် မင်းဂွတ်သီးများသည် အပူဒဏ်ကြောင့် အသီးများကျစ်ပြီး ပိန်လှီသွားကာ ပျက်ဆီးဆုံးရှုံးမှုများဖြစ်နေကြောင်း ဥယျာဉ်ခြံသမားများက ပြောကြားခဲ့သည်။
မင်းဂွတ်သီးထွက်ရှိမှုအခြေအနေမှာ ယခုနှစ်တွင် များပြားသော်လည်း အပူဒဏ်ကြောင့် ပျက်ဆီးမှုများပြားခဲ့ကြောင်းသိရသည်။ တောင်ပေါ်ခြံများ၌ အပူဒဏ်ခံရမှုနည်းသော်လည်း ရွာခြံများ၌ အပင်ထိခိုက်မှုများပြီး အသီးများမှာ ရောင်းတန်းမဝင်ဘဲ ပျက်ဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် မင်းဂွတ်သီးခေါင်လုံးများ၏ ပေါက်ဈေးမှာ တစ်လုံးလျှင် (၅၀၀-၆၀၀) ကျပ်ဖြစ်နေပြီး အလုံးသေးမှာ တစ်လုံးလျှင် (၁၅၀ - ၃၀၀) ကျပ်အတွင်း ဒေသတွင်းဈေးကွက်၌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မွန်)