ရွှေဘိုမြို့၊ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

       ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေး၌ မေလ ဒုတိယပတ်တွင်ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မန္တလေးပွဲရုံများမှ မှာယူရောင်းချသည့် ရွှေလိမ္မော်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကျွဲကောသီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ရွှေသခွားသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊  သခွားမွှေးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ဒူးရင်းသီးတစ်လုံးလျှင် (၁၁၀၀၀)ကျပ်မှ (၁၆၀၀၀)ကျပ်ထိ၊ မင်းကွတ်သီးတစ်လုံးလျှင် (၃၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ၊ လိုင်ချီးသီးတစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊   ရမည်းသင်းမြို့မှထွက်ရှိသည့် စပျစ်သီး(အဝိုင်းသီး) တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ စပျစ်သီး (အချွန်းသီး) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှထွက်ရှိသည့် ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် (၁၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၂၀၀၀)ကျပ်မှ (၃၅၀၀)ကျပ်ထိ၊ စိန်တစ်လုံးသရက်သီးတစ်လုံးလျှင် (၄၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ နာနတ်သီးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊ မာလကာသီးတစ်လုံးလျှင် (၃၅၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီးတစ်လုံးလျှင် (၁၅၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်းရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)