
မော်လမြိုင်မြို့၌ ထွက်ရှိသော မိချောင်းခေါင်း နာမည်နှင့်ဒူးရင်သီးများကို မော်လမြိုင်မြို့၊ ၆ မိုင်ရပ်ကွက် ၊ စမ်းကြီးရပ်ကွက်၊ စက်မှုဇုန်အပိုင်း ညောင်ပင်ဆိပ်ရပ်ကွက်အတွင်းရှိ ဥယျာဥ်ခြံများတွင် စိုက်ပျိုးကြသည်။ ယခုအချိန်တွင်း မော်လမြိုင်မြို့အပြင် မွန်ပြည်နယ် အခြားမြို့နယ်များ၌လည်း စိုက်ပျိုးကြရာ ယခုကာလတွင် ဒူးရင်သီးပေါ်ချိန်ဖြစ်သောကြောင့် စျေးပြိုင်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
မော်လမြိုင်မြို့မှ စိုက်ပျိုးထွက်ရှိသော အသီးကို ကျန်မြို့နယ်မှအသီးများမယှဥ်နိုင်သော မိချောင်းခေါင်း အသီးမှာ စားဖူးသူများကသာ စျေးကောင်းပေးဝယ်ယူကြသောကြောင့် ဒူးရင်သီး အပင်ကြွေ အလုံးကြီးလျှင် ၂၀၀၀၀ ကျပ် ရရှိပြီ အလုံးသေးလျှင် ၁၀၀၀၀ ကျပ် ပေး၍ဝယ်ယူကြကြောင်း၊ အပင်ကြွေဖြစ်သောကြောင့် ကြွေမှသာ ရောင်းချခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့ရှိ ဒူးရင်းခြံပိုင်ရှင်ဒေါ်နွဲ့ရီထံမှ သိရှိရပါသည်။ မိချောင်းအသီးသည် တစ်ပင်ကို အလုံး ၃၀ မှ ၅၀ ထိသီးလေ့ရှိသော်လည်း အပင်ကြွေအသီးမှာ တစ်ပင်လျှင် ၁ရက်ကို ၅လုံးမှ ၈လုံးလောက်သာ ကြွေကြသောကြောင့် အသီးထွက်နှုန်းနည်းကြောင်း၊ မိချောင်းခေါင်းအသီးကို အပင်ပေါ်တွင်မှည့်၍ ကြွေကျမှ ရောင်းချသောကြောင့် စျေးကွက်၌ စျေးကောင်းရကြောင်း သိရှိရပါသည်။
DOCA(မွန်)