
ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဒေသတွင် ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် အမြင့်ဈေး ၈၈၀ ကျပ်ဖြင့် လက်ကျန်ပါး၍ စီးဆင်းမှုမှာလည်း ကျဆင်းနေပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး၁-၇၅၀၀ကျပ်၊ ထူး၂-၇၈၀၀ကျပ်၊ ထူး၃-၈၂၀၀ကျပ်၊ ထူး၄-၈၇၀၀ကျပ်၊ ထူး၅-၉၂၀၀ကျပ်၊ ထူးလွန်-၉၅၀၀ကျပ် နှင့်ဥတစ်လုံးမှာ ၂၂၀၀၀ကျပ် အထိတောင်သူရောင်းဈေးရ ရှိနေပြီး ယခင်အပတ်ထက်ဈေးအနည်းငယ်မြင့်တက်၍ စီးဆင်းမှုမှာလည်း ပုံမှန်ထက်ပိုလျက်ရှိပါသည်။
အာလူးတစ်ပိဿာလျှင် မျက်နီ S2 ၂၃၀၀ ကျပ်၊ S1 ၂၂၀၀ ကျပ်၊ OK ၂၀၀၀ကျပ်၊ ဆွဲသီး ၁၆၀၀ကျပ်၊ ဂေါ်လီဆိုဒ် မှာ ၁၂၀၀ကျပ်ရှိပြီး မားတီးနှင့်နယ်သာလန်မျိုးတို့တွင် S2 ၂၅၀၀ ကျပ်နှင့် S1 ၂၄၀၀ ကျပ်ဈေးပေါက်နေပြီး စီးဆင်းမှုမှာ ယခင်အပတ်ထက် မြင့်တက်နေကြောင်း သိရှိရပါသည်။
ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၁၂၀၀-၁၅၀၀ကျပ်၊ ပန်းမုံလာ ၁၂၀၀-၁၄၀၀ကျပ်၊ ခရမ်းချဉ် ဂွတ်ရှယ်သီး ၁၅၀၀ကျပ်၊ အသေးဆုံးသီး ၁၂၀၀ကျပ်၊ ဘိုစားပဲ ၅၀၀၀ကျပ်၊ ဥနီ ၂၀၀၀-၂၃၀၀ကျပ်၊ ဖရုံသီး ၁၀၀၀-၁၂၀၀ကျပ်၊ ရွှေပဲ ၁၆၀၀၀-၁၉၀၀၀ကျပ်၊ ငရုတ်ပွ ၃၅၀၀-၄၂၀၀ကျပ်၊ ခရမ်းသီး ၂၅၀၀ကျပ်၊ မုန်ညှင်း ၃၅၀၀-၃၇၀၀ ကျပ်ဈေးပေါက်နေကြပြီး စီးဆင်းမှုအနေဖြင့် ယခင်အပတ်ထက် လျော့နည်းကြောင်း လေ့လာသိရှိရပါသည်။
သင်္ကြန်ပြီးကာလတွင် သီးနှံများ ဈေးနှုန်းအတက်ဈေးရရှိပြီး စီးဆင်းမှုမှာ ပုံမှန်အတိုင်းအား ကောင်းနိုင်ကြောင်းနှင့် ဈေးနှုန်းများမှာလည်း တောင်သူတွက်ခြေကိုက် ဈေးနှုန်းများတွင် ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)