တောင်ငူမြို့တွင် စပါးနှင့်ပဲများဈေးကျ

Powered by Drupal

      တောင်ငူမြို့တွင် ၂၀၂၄ခုနှစ် မေလဒုတိယအပတ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     စပါးမှာ ဧပြီလကုန်ပိုင်းက တင်း ၁၀၀ လျှင် ၂၁၅၀၀၀၀ ကျပ်ရှိရာမှ မေလဒုတိယ အပတ်တွင် တင်း ၁၀၀ လျှင် ၁၉၅၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး  ဆန်ကွဲကြီးမှာ တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ဆန်ကွဲသေးမှာ ဧပြီလကုန်ပိုင်းက တစ်အိတ်လျှင် ၄၇၀၀၀ ကျပ်ရှိရာမှ မေလဒုတိယ အပတ်တွင် တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ဖွဲနုမှာ တစ်အိတ်လျှင် ၁၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    မတ်ပဲ(၃၀ ပိဿာအိတ်)မှာ ဧပြီလကုန်ပိုင်းက တစ်အိတ်လျှင် ၁၅၃၅၀၀ ကျပ်ရှိရာမှ မေလဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်၊ ပဲလွန်းဖြူမှာ ဧပြီလကုန်ပိုင်းက တစ်အိတ်လျှင် ၉၂၀၀၀ ရှိရာမှ မေလဒုတိယအပတ်တွင် တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပါသည်။ ပဲတီစိမ်းမှာ တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ရှိကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှ သိရပါသည်။

DOCA(ပဲခူး)