ဇီးကုန်းမြို့နယ်တွင် နွေစပါးများ စတင်ရိတ်သိမ်းနေ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် နွေစပါးများစတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ဇီးကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေစပါးစိုက်ဧက (၆၉၇၃) ဧက စိုက်ပျိုးထားရှိပြီး (၂.၅.၂၀၂၄) နေ့အထိ (၄၃) ဧက ရိတ်သိမ်းပြီးစီး၍ ပျမ်းမျှအထွက်နှုန်း တစ်ဧက (၁၂၀)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဦးစီးဌာနမှ သိရှိရပါသည်။

     ဇီးကုန်းမြို့နယ်တွင် နွေစပါးကို  ဆည်ရေ ရရှိမှုပေါ် မှုတည်၍ ဇန်နဝါရီလ   စတုတ္တပတ် မှ စတင် စိုက်ပျိုးခဲ့ရာ ဗီယက်နမ်မျိုး၊ (၁၁၅)ရက် နှင့် ရက်(၉၀)၊ ရက်(၁၀၀) အပြင် မျိုးသန့်စပ်စပါးမျိုး     “ နယူးဧရာ” များအား ဒေသအလိုက် စိုက်ပျိုးကြပြီး စပါးအမျိုးအစားပေါ် မူတည်၍ တစ်ဧက အထွက်တင်း ၁၂၀ မှ ၁၅၀ ခန့် ထွက်ရှိနိုင်ပါကြောင်း ရွှေကြို့ပင်ကျေးရွာမှ နွေစပါးစိုက်ပျိုး တောင်သူ ဦးထွန်းလင်းထံမှ သိရှိရပါသည်။

     နွေစပါးစိုက်တောင်သူများအနေဖြင့် အောင်ရေရရှိမှု သင့်လျော်သောမျိုး ရွေးချယ်စိုက်ပျိုးမှု ၊ စိုက်ပျိုးနည်းစနစ်နှင့် သွင်းအားစုလုံလောက်စွာ အသုံးပြုနိုင်မှုအပေါ် အထွက်နှုန်း အခြေအနေအရ  အကျိုးအမြတ် ရရှိလာနိုင်မှာဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)