
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဈေးရပ်ကွက်ဈေးလမ်းတွင် ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၏ ဈေးဆိုင်များတွင် (၁၃.၅.၂၀၂၄)ရက်နေ့တွင် ရောင်းချလျက်ရှိသော ကုန်စည်၊ သားငါး၊ ဟင်းရွက်ဟင်းသီးဈေးနှုန်းများမှာ ဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ဆန် (၃အိတ်) ၊ ဆီတစ်ပိဿာလျှင် (၅၇၀၀) ကျပ်နှုန်းဖြင့်ဆီ (၁၃၂)ပိဿာ ၊ ကြက်ဥတစ်လုံးလျှင် (၂၅၀) ကျပ်နှုန်းဖြင့် ကြက်ဥ (၃၀၀) လုံး၊ ဝက်သား တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်နှုန်းဖြင့် (၂၅) ပိဿာ ၊ ကြက်သားမွေးမြူရေး တစ်ပိဿာလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် (၃၀) ပိဿာ၊ ဆိတ်သား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်နှုန်းဖြင့် (၅) ပိဿာ၊ အမဲသား တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်းဖြင့် (၁၀)ပိဿာ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၄၅၀၀) ကျပ် နှုန်းဖြင့် (၂၅) ပိဿာ၊ သခွားသီး၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ပြောင်းဖူး၊ ရုံးပတီသီး၊ ဗူးညွန့်၊ သံပုရာသီး၊ ချဉ်ပေါင်ရွက်၊ငှက်ပျောသီး၊ ကန်စွန်းရွက်စသော အသီးအနှံများနှင့် ကြက်သွန်နီ၊ အာလူး၊ပန်းမံများကို ပြည်သူများအား ချိုသာသောဈေးနှုန်းဖြင့် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ ရောင်းချပေးသော အရောင်းဈေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)