ပြည်ခရိုင်အတွင်း Talk Show အစီအစဉ်များဆောင်ရွက်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အများပြည်သူတို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရေး ရည်ရွယ်၍ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်တွင် (၈.၂.၂၀၂၂)ရက်နေ့နှင့် ရွှေတောင်မြို့နယ်တွင် (၁၆.၂.၂၀၂၂)ရက်တို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ Talk Show အစီအစဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ Talk Show များတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများမှ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့်တာဝန်များ၊ အခန်း (၂၀) စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းအကြောင်းနှင့် စားသုံးသူပြည်သူတို့အနေဖြင့် ထိခိုက်နစ်နာမှုများ ရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် လိပ်စာတို့အား အသိပညာပေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)