“ ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

Powered by Drupal

           မေလ    ဒုတိယပတ်တွင်     ကော့မှူးမြို့နယ်၌    အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက်(ထိပ်စ၊လတ်စ၊နိမ့်စ)များတွင် ဧည့်မထတစ်ပြည်လျင် (၃၈၀၀၊၄၀၀၀)ကျပ်ထိ၊ မီးဒုံးဆန်ရိုးရိုးတစ်ပြည်လျင် (၄၅၀၀၊၄၆၀၀)ကျပ်ထိ၊ တောင်ပျံဆန် (ရိုးရိုး)တစ်ပြည်လျင်(၅၀၀၀၊၅၂၀၀) ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်လျင် (၅၈၀၀၊၆၂၀၀)ကျပ်ဖြင့်လည်းကောင်း၊  စားအုန်းဆီတစ်ပိဿာလျင် ယခင်တစ်ပတ်တွင်(၅၄၅၀)ကျပ်၊ ယခု အပတ်တွင်(၅၄၅၀)ကျပ်ဈေးနှုန်းတည်ငြိမ်းလျှက်ရှိပြီး၊  ပဲဆီတစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်စုံတစ်ပိဿာလျင် (၂၅၀၀၊၂၈၀၀၊၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(အမွှာ)တစ်ပိဿာလျင်(၁၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျင် (၁၄၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျင်(၃၀၀၀)ကျပ်၊ နနွင်းမှုန့်တစ်ပိဿာလျင် (၁၀၀၀၀)ကျပ်၊ (ရိုးရိုး)ဆားတစ်ပိဿာလျှင်(၅၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုတ်လျှင်(၆၀၀)ကျပ်၊ ငြုတ်တောင့် (အရှည်)တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ ငြုတ်တောင့်(စက)တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ ငြုတ်ရုပ်တောင့်(အပု)တစ်ပိဿာလျင(၁၁၅၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျင်(၆၃၀၀)ကျပ်၊ မန်းကျည်းအမှည့်(အသစ်)တစ်ပိဿာလျင်(၆၀၀)ကျပ်၊ ငံပြာရည်တစ်ပိဿာလျင်(၁၀၀၀)ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျင်(၆၀၀၀၀)ကျပ်၊ ခေါက်ဆွဲခြောက်တစ်ထုပ်(၅၀၀)ကျပ်၊ကြက်ဥတစ်လုံးလျင်(၃၀၀)ကျပ်၊ ဘဲဥတစ်လုံး(၃၅၀-၄၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

အလားတူဗမာကြက်တစ်ပိဿာလျင်(၂၂၀၀၀)ကျပ်၊ Cpကြက်တစ်ပိဿာလျင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျင်(၁၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျင်(၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျင်(၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျင်(၇၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျင်(၉၀၀၀)ကျပ်ဖြင့် လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

       ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် စားသောက်ကုန်ဈေးနှုန်းများအနက် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျှက်ရှိပြီး၊ အခြားစားသောက်ကုန်များမှာအနည်းငယ်အတက်၊ အကျရှိကာ စားအုန်းဆီဈေးနှုန်းများလည်းတည်ငြိမ်းလျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)