ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးဖို့ ကွင်းဆင်းလေ့လာဆောင်ရွက်စို့

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် (၁၄.၅.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မင်းဘူးခရိုင်ရုံးမှ ဌာနခွဲတာဝန်ခံများနှင့်အတူ ပွင့်ဖြူမြို့ ကုန်းဇောင်းကျေးရွာရှိ “ကုန်းဇောင်းဧရာပဒေသာဆန်”များ အများဆုံး ဝယ်ယူကြိတ်ခွဲ ဖြန့်ဖြူးရောင်းချနေသော “သမသုခ” ဆန်စက်နှင့်ဆန်ရောင်းဝယ်ရေးသို့ ကွင်းဆင်းလေ့လာ ဆွေးနွေးခဲ့ပါသည်။

   “သမသုခ” ဆန်စက်နှင့်ဆန်ရောင်းဝယ်ရေး ပိုင်ရှင် ဒေါ်ပိုးပိုးသည် ဧရာပဒေသာစပါးများကို ကုန်းဇောင်းကျေးရွာနှင့် ကုန်းဇောင်းကျေးရွာအုပ်စုရှိ ရွာနားနီးချင်းများသို့ သွားရောက်ဝယ်ယူပါ ကြောင်း၊ ၎င်းအပြင်နဝလီကြိတ်ခွဲထားသော တောင်သူများထဲမှလည်း ဝယ်ယူပါကြောင်း၊ ရောင်းလို အားရှိသလောက်သာ ဝယ်ယူကြိတ်ခွဲရောင်းချပါကြောင်း၊ မိမိတို့ဒေသမှ စားသုံးသူများသည် အများအားဖြင့် “ကုန်းဇောင်းဧရာပဒေသာဆန်”များကိုသာ အများဆုံးဝယ်ယူစားသုံးကြပါကြောင်း၊ ကုန်း ဇောင်းဧရာပဒေသာ ဆန်(၂၄)ပြည် တစ်အိတ်လျှင် ရွေးစက်တင်သန့်စင်ပြီးသော ဆန်တစ်အိတ်လျှင် လက်ကားအနေဖြင့် ကျပ်(၁၄၀၀၀၀)မှ (၁၄၅၀၀၀)ဖြင့်လည်းကောင်း၊ စက်ချဟုခေါ်သော ရွေးစက်မတင်ရသေးသော ပုံမှန်ဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)မှ (၁၃၅၀၀၀)ဖြင့် လည်းကောင်း ရောင်းချပါကြောင်း၊ ရောင်းလိုအားရှိသလောက် ဝယ်ယူကြိတ်ခွဲရောင်းချသဖြင့် ဆန်များသိုလှောင်ထားရှိခြင်းမရှိဘဲ လက်ကျန်အနည်းငယ်သာရှိပါကြောင်း သိရှိရပါသည်။

    “သမသုခ” ဆန်အိတ်များအား မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် နေပြည်တော်များမှ အများဆုံးလာရောက်ဝယ်ယူပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)