ပုသိမ်မြို့ရဲ့ ရာသီပေါ် ထန်းသီးဆံ နုနု

Powered by Drupal

    ထန်းသီးဟု လူအများက ခေါ်ဝေါ်ကြသော်လည်း တကယ်တော့ အသီးဆံဖြစ်ကြီး အညိုရင့်ရောင်ထန်းသီးထဲတွင် ထန်းသီဆံများက ၃ ခုကနေ ၄ ခုလောက်အထိ ပါဝင်တတ်ပြီး အသားက ဂျယ်လီလို ဖြူကြည်ကြည်လေဖြစ်ကာ ထန်းသီးနုနုလေးများကို ကျောက်ကျောထိုးပြီး စားစား၊ နို့စိမ်းနဲ့ ဖျော်သောက်သောက်၊ မနုမရင့် ထန်းသီဆံလေးကို ထန်းလျက်နဲ့ တွဲဖက်စားသုံးနိုင်ပြီး ၎င်း​၏ အာဟာရတန်ဖိုးမှာ  အဆီလုံးဝ မပါဘဲ ပရိုတင်းကြွယ်ဝပြီး ဖော့စရိတ် ပါဝင်နေသလို ရေဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် ဘီ၊ ဇင့်၊ ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။

    ထန်းသီးက စားရတာ အရသာရှိသည့် အပြင် ကျန်းမာရေးရှူထောင့်မှ ကြည့်မည်ဆိုပါက အသားအရေ ကျန်းမာစေခြင်း၊ သွေးချို ထိန်းပေးခြင်း ၊ အစာအိမ်အူလမ်းကြောင်း ကျန်းမာစေသည့်အပြင် ရေဓာတ် ကြွယ်ဝစေကာ အာဟာရချို့တဲ့မှု ကင်းစေပြီးခေါင်းတစ်ခြမ်းကိုက်တာကို သက်သာမှုလျော့ချကာ ရင်ပူတာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေ သက်သာစေနိုင်ပါတယ်

     ထန်းသီးနုနုလေးများပေါ်ကာစ မေလတွင် ဈေးကွက်သို့ ရောင်းချသဖြင့် လူအများ ဝယ်ယူစားသုံးကြပြီး ပုသိမ်မြို့ပေါ်ရှိ ဈေးများတွင် ရောင်းချမှူအနေဖြင့် အလုံးလိုက်ရောင်းသလို ထန်းသီးအိမ်မှထုတ်၍လည်း ထန်းသီးနုနုများကို ရောင်းချကြောင်းသိရပါသည်။ ပုသိမ်မြို့ပေါ်ရှိ ဈေးများတွင်ရောင်းချသည့် ထန်းသီးဈေးနှုန်းများမှာ ထန်းသီးအလုံးတစ်လုံးလျှင် (၄၀၀-၅၀၀) ကျပ်ဖြင့် လည်းကောင်း၊ ထန်းသီးအိမ်ထဲမှ ထုတ်ထားသော ထန်းသီးအစေ့မှာ တစ်စေ့လျှင် (၁၀၀-၁၅၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)