မကွေးမြို့၊ ရန်ပယ်စျေးတွင် ပုစွန်ခြောက်၊ ငါးခြောက်စျေးနှုန်းများမြင့်တက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ရန်ပယ်စျေး၌ မြင်းကင်းကျေးရွာ၊ ချောင်းဖြူ၊ ဒဟက်ကန်၊ ကန်ပြား၊ ကံလှ၊ ထုံးပေါက်တော၊ နွားကူး၊ သန်းတောကုန်း၊ ဆားတိုင်ကန်၊ မကျီးကန်ကျေးရွာတို့မှ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိကြပါသည်။

       ၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ရောင်းချလျက်ရှိသော ရေထွက်ပစ္စည်းစျေးနှုန်းများမှာ ပုစွန်ခြောက်ကြီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀၀-၉၀၀၀၀)၊ ငါးဘတ်ခြောက်(၁)ပိဿာလျှင် ကျပ် (၂၈၀၀၀-၃၀၀၀၀)၊ ငါးအုံးမဲ (၁)ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ငါးရံ့ခြောက်ပြား (၁)ပိဿာလျှင် ကျပ် (၆၀၀၀၀-၇၀၀၀၀)၊ ငါးရံ့လုံး(၁)ပိဿာလျှင် ကျပ် (၄၀၀၀၀)၊ ငါးတံခွန်(၁)ပိဿာလျှင် ကျပ် (၁၇၀၀၀-၁၈၀၀၀)၊ ငါးနီတူ (၁)ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ငါးကြီးခြောက် (၁)ပိဿာလျှင် ကျပ် (၇၀၀၀၀-၁၂၀၀၀၀)၊ ငါးမင်းသားခြောက် (၁)ပိဿာလျှင် ကျပ် (၂၈၀၀၀)၊ ငါးဖောင်ရိုး (၁)ပိဿာလျှင် ကျပ်(၃၀၀၀၀-၄၀၀၀၀-၅၀၀၀၀)စျေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ပုစွန်ခြောက် (၁)ပိဿာလျှင် ကျပ် (၃၀၀၀)၊ ငါးဖောင်ရိုး (၁)ပိဿာလျှင် ကျပ် (၃၀၀၀)၊ ငါးကြီးခြောက် (၁)ပိဿာလျှင် ကျပ် (၂၅၀၀)၊ ငါးတံခွန် (၁)ပိဿာလျှင် ကျပ်(၁၀၀၀) စသည်ဖြင့် စျေးနှုန်းအသီးသီးမြင့်တက်ပြီး အကောင်အကြီးအသေးပေါ်မူတည်၍ စျေးနှုန်းများကွာခြားလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)