![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/64_3.jpg?itok=FEGQ979X)
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
ပခုက္ကူမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၅)ဆိုင်ရှိရာ ၎င်းဆိုင်များမှာ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ကျပ်(၂၇၄၀)၊ 95 တစ်လီတာလျှင် ကျပ်(၂၈၄၅)၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ်(၂၄၅၀)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ် (၂၄၀၅) ဈေးနှုန်းအသီးသီးဖြင့်ရောင်းချခဲ့ပြီး (ပထမပတ်)တွင် 92 တစ်လီတာလျှင် ကျပ်(၂၉၀၀)၊ 95 တစ်လီတာလျှင် ကျပ်(၃၀၁၀)၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ကျပ် (၂၅၁၅) နှင့် ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၄၆၅)ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ မေလ(ပထမပတ်)နှင့် (ဒုတိယပတ်)ဈေးနှုန်းများကိုနှိုင်းယှဉ်ပါက ယခုမေလ(ဒုတိယပတ်)တွင် 92 နှင့် 95 မှာ တစ်လီတာလျှင် ကျပ်(၁၆၀)ဈေးနှုန်းကျဆင်းနေပြီး ပရီမီယမ်ဒီဇယ်မှာ တစ်လီတာလျှင် ကျပ်(၆၅) နှင့် ဒီဇယ်ရိုးရိုးမှာ တစ်လီတာလျှင် ကျပ်(၆၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။
DOCA(မကွေး)