ပခုက္ကူမြို့ပေါ်၌ မေလ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော စားသုံးဆီဈေးကွက်အခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ် (၁၄၅၀၀)၊ စက်ပဲဆီသန့် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၂၅၀၀)ဖြစ်ပြီး၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၈၅၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၂၅၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် (၆၁၀၀)၊ နေကြာဆီတစ်ပိဿာလျှင် ကျပ် (၁၅၀၀၀) ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ယခင်ဧပြီလ(ဒုတိယပတ်)ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် မေလ(ဒုတိယပတ်)တွင် မြေပဲဆီ၊ နှမ်းဆီများမှာ ဈေးငြိမ်လျက်ရှိကြောင်း၊ နေကြာဆီတစ်ပိဿာလျှင် ကျပ်(၅၀၀) ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း စားသုံးဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

     ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာ အဓိကစားသုံးမှုများပြီး လုပ်ငန်းရှင်များကလည်း မြေပဲဆန်၊ မြေပဲဆီများထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားသို့ မြေပဲဆီများထုတ်လုပ်တင်ပို့ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်းသိရှိရသည်။

DOCA(မကွေး)