မွေးမြူရေးအစားအစာ အဓိကအရေးပါသည့် ဆီကြိတ်ဖတ်

Powered by Drupal

    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားသည့်နိုင်ငံဖြစ်သည့်အလျောက် စားသုံးရန်အတွက်သာမက  ပြည်ပသို့လည်း တင်ပို့သည့် ဆီထွက်သီးနှံများဖြစ်ကြသည့် မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ မုန်ညင်းစေ့ ၊ ဝါတို့ကို စိုက်ပျိုးကြရာတွင် မြေပဲ၊ နှမ်း ၊ နေကြာတို့မှာ စားသုံးရန်အတွက်ဖြစ်ပြီး မုန်ညင်းဆီကိုအများစုမှာ တိုင်းရင်းဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုကြပါသည်။ ဝါစေ့ဆီများကိုမူ စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုကြောင်း သိရှိရပါသည်။ မြေပဲ၊နှမ်း၊ နေကြာ ထွက်ရှိရာဒေသတို့တွင် မြေပဲကို ဆုံဆီ၊ စက်ကြီးဆီဟူ၍ ခွဲခြားထားပြီး မြေပဲဆံတစ်တင်းကြိတ်လျှင် ဆီ (၈) ပိဿာထွက်ရှိပြီး နှမ်းဖတ်(၈)ပိဿာ နှမ်းတစ်တင်းကြိတ် လျှင် (၇)ပိဿာခွဲမှ (၈)ပိဿာ အထိ ထွက်ရှိကြောင်းသိရှိရပြီး  နေကြာစေ့ တစ်တင်းကြိတ်လျှင် တစ်ပိဿာမှ (၅) ပိဿာအထိ ထွက်ရှိပြီး နှမ်းဖတ် (၆) ပိဿာ ထွက်ရှိကြောင်း သိရှိရပါသည်။ တစ်တင်းကြိတ်ခမှာ (၅၀၀၀) ကျပ်အထိ ရှိကြောင်းသိရှိရပါသည်။ ဆီကြိတ်ခွဲသူတို့မှာ မိမိတို့ ကြိတ်ခွဲသည့် မြေပဲ၊ နှမ်း၊ နေကြာ တို့ကို ကြိတ်ခွဲခပေးပြီး ထွက်ရှိလာသည့် နှမ်းဖတ်များကိုမူ မိမိတို့အိမ်တွင် မွေးမြူထားသည့် ကျွဲ၊ နွား၊ ဝက်တို့အတွက် နှမ်းဖတ်ရည် စိမ်ပြီး ရောနှော ကျွေးကြကြောင်း တိရစ္ဆာန်မွေးမြူမှုမရှိသော ဆီကြိတ်ခွဲ သူတို့မှာ မိမိတို့ကြိတ်သည့် ဆီစက်များတွင် နှမ်းဖတ်တစ်ပိဿာလျှင် (၂၅၀၀) ကျပ်ဖြင့်ရောင်းချပြီး နှမ်းဖတ်ချဉ်တည်သူများနှင့် တိရစ္ဆာန်များကျွေးရန်အတွက် ဝယ်ယူသူများမှာ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဖြင့် ဆီစက်များမှ ဝယ်ယူရကြောင်း သိရှိရပါသည်။ ဆီကြိတ်ခွဲခများ ယခင်နှစ်ထက် ဈေးပိုရခြင်းမှာ လျှပ်စစ်မီး ရရှိမှုအခြေနေနှင့် စက်သုံးဆီများကို အသုံးပြု၍ ကြိတ်ခွဲရခြင်း၊ အလုပ်သမား လုပ်ခများဈေးတက်လာခြင်းတို့ကြောင့် ထွက်ရှိလာသည့် နှမ်းဖတ်ဈေးတို့မှာ ကွာခြားကြောင်း သိရှိရပြီး ပြည်တွင်းတွင် မွေးမြူရေးအစားစာအတွက်သာမက ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ရောင်းချရကြောင်းသိရှိရပြီး တရုတ်ပြည်သို့ အများဆုံး တင်ပို့ရကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)