မကွေးမြို့နယ်၏ ဘိလပ်မြေစျေးနှုန်းနှင့် ဝင်ရောက်မှုအခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဆွေးနွေးခြင်း၊ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း များအပြင် ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များထံ ကွင်းဆင်းတွေ့ဆုံပြီး အခက်အခဲများနှင့် လိုအပ်ချက်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခြင်း၊ စား သောက်ကုန်များ၊ ဆေးဝါးများ၊ စက်သုံးဆီများနှင့် အိမ်ဆောက်ပစ္စည်းများအား စျေးနှုန်းမြှင့်တင်‌ရောင်းချမှုမရှိစေရေးအတွက် အပတ်စဉ်ကွင်းဆင်းပြီး စျေးနှုန်းစျေးကွက်နှင့် လက်ကျန်အခြေအနေများအား စဉ်ဆက်မပြတ်လေ့လာစုံစမ်းတင်ပြပေးလျက် ရှိပါသည်။

    မကွေးမြို့နယ်တွင် ပွင့်လင်းရာသီဖြစ်၍ မိုးမကျမီ အဆောက်အဦများပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြ၍ ဘိလပ်မြေများ အရောင်းအဝယ်သွက်နေကြောင်း သိရှိရပြီး ၂၀၂၄-ခုနှစ်၊ မေလ(ဒုတိယပတ်)အတွင်းဖြစ်ပေါ်နေသော ဘိလပ်မြေစျေးနှုန်းများမှာ ကြံ့နှစ်ကောင် အမှတ်တံဆိပ် (50 Kg) (၁)အိတ်လျှင် ကျပ် (၁၀၅၀၀)၊ အယ်ဖာ အမှတ်တံဆိပ် (50 Kg) (၁)အိတ်လျှင် ကျပ် (၁၀၀၀၀)နှင့် အပါချီ အမှတ်တံဆိပ် (50 Kg) (၁)အိတ်လျှင် ကျပ် (၁၁၅၀၀)တို့ဖြစ်ကြပြီး ဧပြီလ (စတုတ္ထပတ်)တွင် ဖြစ်ပေါ်ခဲ့သော စျေးနှုန်းများမှာ ကြံ့နှစ်ကောင်အမှတ်တံဆိပ် (50 Kg) (၁) အိတ်လျှင် ကျပ် (၁၃၀၀၀)၊ အယ်ဖာအမှတ်တံဆိပ် (50 Kg) (၁)အိတ်လျှင် ကျပ် (၁၀၀၀၀)နှင့် အပါချီ (50 Kg) (၁)အိတ်လျှင် ကျပ် (၁၁၀၀၀)ဖြစ်၍ ဧပြီလ စတုတ္ထပတ်နှင့် မေလဒုတိယပတ် စျေးနှုန်းများ နှိုင်းယှဉ်ပါက ကြံ့နှစ်ကောင်အမှတ်တံဆိပ် (50 Kg) (၁)အိတ်လျှင် ကျပ် (၂၅၀၀)၊ အပါချီအမှတ်တံဆိပ် (50 Kg) (၁)အိတ်လျှင် ကျပ်(၅၀၀)စျေးအနည်းငယ်ကျလာပြီး အယ်ဖာအမှတ်တံဆိပ်ဘိလပ်မြေမှာ စျေးနှုန်းတည်ငြိမ်နေကြောင်း လေ့လာသိရှိရပါသည်။

   မကွေးမြို့နယ်အတွင်း ၂၀၂၄-ခုနှစ်၊ မေလ(၁)ရက်မှ (၁၅)ရက်နေ့ထိ ဘိလပ်မြေဝင်ရောက်မှုအနေဖြင့် ကျောက်ဆည်မှ ကြံ့နှစ်ကောင်တံဆိပ် (၈၇၀၅)အိတ်နှင့် ပျဉ်ညောင်မှ အယ်ဖာအမှတ်တံဆိပ် (၇၃၀)အိတ်၊ စုစုပေါင်း (၉၄၃၅)အိတ်ဝင်ရောက်ပြီး နေ့စဉ်လည်း တွဲကားများဖြင့် ဝင်ရောက်လျက်ရှိသဖြင့် စျေးကွက်အတွင်းဘိလပ်မြေပြတ်လပ်မှုမရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)