အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ပဲမျိုးစုံသီးနှံဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံနီ၊ ပဲကြီး၊ ကုလားပဲ၊ ဘိုကိတ်ပြာ၊ မြေပဲနှင့် နှမ်းသီးနှံ၊ ဝါသီးနှံတို့ နေ့စဉ်ဈေးနှုန်းနှင့် အရောင်းအဝယ်များ ဖြစ်ပေါ်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်) အတွင်းတွင် မတ်ပဲ (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၉၈၀၀၀) အမြင့်ဈေးကျပ်(၉၈၅၀၀)ဈေးနှုန်းဖြင့် (၁)တင်းခွဲဝင် အိတ်(၁၃၀)ကို လည်းကောင်း၊ ပဲစဉ်း ငုံနီမှာ (၁)တင်းလျှင် အနိမ့်ဈေးကျပ်(၁၂၉၀၀၀) အမြင့်ဈေးကျပ်(၁၃၁၀၀၀) ဈေးနှုန်းဖြင့် (၁)တင်း ခွဲဝင် အိတ်(၉၀၀)ကိုလည်းကောင်း၊ ပဲကြီး (၁)တင်းလျှင် အနိမ့်ဈေးကျပ် (၈၂၀၀၀) အမြင့်ဈေး ကျပ်(၈၉၀၀၀)ဈေးနှုန်းဖြင့် (၁)တင်းခွဲဝင် အိတ်(၁၂၀)ကို လည်းကောင်း၊ ဘိုကိတ်ပြာ (၁)တင်းလျှင် ကျပ်(၆၂၀၀၀)ဈေးနှုန်းဖြင့် (၁)တင်းခွဲဝင် အိတ်(၁၀၀) ကိုလည်းကောင်း၊ ကုလားပဲ (HL) (၁)တင်းလျှင် အနိမ့်ဈေးကျပ် (၈၁၅၀၀) အမြင့်ဈေးကျပ်(၈၂၅၀၀)ဈေးနှုန်းဖြင့် (၁)တင်းခွဲဝင် အိတ်(၄၅၀)ကို လည်းကောင်း၊ ကုလားပဲ(မြကြေး)(၁)တင်းလျှင် အနိမ့်ဈေးကျပ် (၈၄၀၀၀) အမြင့်ဈေး ကျပ်(၈၇၀၀၀) ဈေးနှုန်း ဖြင့် (၁)တင်းခွဲဝင် အိတ်(၃၅၀)ကို လည်းကောင်း၊ မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ယခုတစ်ပတ်အတွင်း ကျပ်(၆၈၀၀-၆၉၀၀)ဈေးနှုန်းဖြင့် (၃၀)ပိဿာဝင်အိတ်(၃၀၀)ကိုလည်းကောင်း အသီးသီးအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပါသည်။

    နှမ်းသီးနှံအနေဖြင့် နှမ်းနက်(စမုံ) (၄၅)ပိဿာပါ (၁)အိတ်လျှင် အနိမ့်ဈေးကျပ်(၃၅၀၀၀၀) အမြင့် ဈေးကျပ် (၃၈၀၀၀၀)၊ နှမ်းပြာ (၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ် (၃၄၀၀၀၀)၊ နှမ်းနီ(၄၅)ပိဿာပါ (၁)အိတ် လျှင် ကျပ်(၃၄၀၀၀၀-)၊ နှမ်းဖြူ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ် (၃၅၀၀၀၀) အသီးသီးဈေးနှုန်းများ ဖြစ်ပေါ်လျက်ရှိပြီး နှမ်းနက်(စမုံ) (၄၅)ပိဿာဝင်အိတ် (၄၈၀)၊ နှမ်းပြာ (၄၅)ပိဿာဝင် အိတ်(၈၀)၊ နှမ်းနီ(၄၅)ပိဿာဝင် အိတ်(၉၀)၊ နှမ်းဖြူ (၄၅)ပိဿာဝင် အိတ်(၅၅)ကိုလည်းကောင်း၊ ဝါသီးနှံမှာ ယခုတစ်ပတ်အတွင်းတွင် (၁)ပိဿာလျှင် ကျပ်(၂၇၀၀မှ ၂၈၀၀)ဈေးနှုန်းရှိပြီး ဝါပိဿာချိန် (၁၁၀၀၀) ပိဿာ အရောင်းအဝယ်ဖြစ်ခဲ့ပါကြောင်း နှမ်းသီးနှံဈေးနှုန်းမှာ အတက်အကျမရှိပဲ ပဲမျိုးစုံသီးနှံနှင့် ဝါသီးနှံတို့မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်းနှင့် မေလ(ပထမပတ်)နှင့်နှိုင်းယှဥ်ပါက ယခုမေလ (ဒုတိယပတ်)တွင် အရောင်းအဝယ်မှာ အနည်းငယ်မြင့်တက်လာပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)