မန္တလေးတိုင်းဒေသကြီး၌ ဆေးနှင့်ဆေးပစ္စည်းများဈေးနှုန်းတည်ငြိမ်လျက်ရှိ

Powered by Drupal

        ကုန်စည်ကူးသန်းရေးတွင် Covid-19 ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် Covid-19 တတိယလှိုင်းဖြစ်ပွားစဉ်မှ ယခုချိန်ထိ Covid-19 ကာကွယ်ကုသဆေးဝါး(၃၄)မျိုး၏ ဈေးနှုန်းအခြေအနေများနှင့် ဈေးကွက်အခြေအနေများအား နေ့စဉ်ခရိုင်များမှ စာရင်းများကောက်ယူခြင်း ဆောင်ရွက်လျက်ရှိရာ ဆေးပစ္စည်း(၃၄)မျိုးမှာ ဈေးနှုန်းများ တည်ငြိမ်လျှက်ရှိပြီး ဆေးဆိုင်များအနေဖြင့် စားသုံးသူလိုအပ်ချက် ပြည့်မီအောင် ရောင်းချပေးပို့နိုင်ကြောင်း၊မန္တလေးတိုင်းဒေသကြီးအတွင်း ဆေးဆိုင်ဖွင့်လှစ်မှု(၉၀%)ရှိကြောင်း၊ ဝယ်ယူမှုအများဆုံး ဆေးများမှာ Paracetamol Table 500mg,Orazine, Cevit,Biogesic,Broncheshနှင့် Enoxa Parin In Jection ဆေးများဖြစ်ကြောင်း၊ ဆေးပစ္စည်းများအား ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချစေရေးအတွက် နေ့စဉ် နံနက် ၁၀:၀၀နာရီမှ နေ့လည် ၁၂:၀၀ နာရီထိ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါသည်။

DOCA(မန္တလေး)