တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်များ ယခင်လထက်ဈေးတက်

Powered by Drupal

     တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်တွင် ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၅၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငရုတ်သီးစိမ်း (ကျောက်စိမ်း) မှာ ယခင်ဧပြီလတွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ရှိခဲ့ရာမှ ယခမေလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၅၅၀၀ကျပ်အထိ၊ ငရုတ်သီးစိမ်း(ကုလားအော်သီးမှာ) ဧပြီလတွင် တစ်ပိဿာလျှင် ၆၅၀၀ကျပ်မှ ၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုမေလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

        ခရမ်းသီး (အဖြူ)မှာ ဧပြီလတွင် တစ်ပိဿာလျှင် ၉၀၀ကျပ်မှ ၁၀၀၀ကျပ်ရှိခဲ့ရာမှ မေလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်အထိ၊ ခရမ်းသီး(အညို)မှာ  ဧပြီလတွင် တစ်ပိဿာလျှင်  ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ရှိခဲ့ရာမှ ယခုမေလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

     ခရမ်းချဉ်သီး (ရှမ်းပြည်သီး)မှာ ဧပြီလတွင် တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ရှိခဲ့ရာမှ ယခုမေလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပြီး ခရမ်းချဉ်သီး (ဒေသသီး)မှာ တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

        ဂေါ်ဖီမှာ ဧပြီလတွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်ရှိခဲ့ရာမှ ယခုမေလတွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ မုံညင်းဖြူမှာ ဧပြီလတွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုမေလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိ၊ မုံလာဥဖြူမှာ ဧပြီလတွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုမေလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်အထိဈေးနှုန်းမြင့်တက်လာပြီး မုံလာဥနီမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)