တောင်ငူမြို့တွင် စက်သုံးဆီဈေးနှုန်းများကျဆင်း

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၄ခုနှစ်၊ မေလ ၆ရက်နေ့တွင် Octane 92 တစ်လီတာလျှင် ၂၈၇၀ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၉၈၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၄၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၉၀ကျပ်ရှိပါသည်။ 

       မေလ ၁၄ရက်နေ့တွင် တောင်ငူမြို့၊ "New Day" စက်သုံးဆီဆိုင်၌ Octane 92 တစ်လီတာလျှင် ၂၇၀၀ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၈၁၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၆၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၁၅ကျပ်ရှိပါသည်။

      အုတ်တွင်းမြို့၊ "Petro K" စက်သုံးဆီအရောင်းဆိုင်တွင်  Octane 92  တစ်လီတာလျှင် ၂၇၀၀ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၈၀၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၆၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၁၀ကျပ်ရှိပါသည်။

       ရေတာရှည်မြို့၊ "အောင်မေတ္တာ" စက်သုံးဆီအရောင်းဆိုင်တွင်  Octane 92 တစ်လီတာလျှင် ၂၇၀၅ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၈၁၀ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၇၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၁၅ကျပ်ရှိပါသည်။

        သို့ဖြစ်၍ တစ်ပတ်အတွင်း Octane 92 တစ်လီတာလျှင် ၁၇၀ကျပ်၊ Octane 95 တစ်လီတာလျှင် ၁၇၅ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်မှာ တစ်လီတာလျှင် ၇၅ကျပ်ဈေးနှုန်းကျဆင်းနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)