မော်လမြိုင်မြို့ကုန်စည်ဒိုင်၌ မေလတတိယအပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန် ငါးခြောက်၊ ပုဇွန်ခြောက်ဈေးနှုန်းများ

Powered by Drupal

     မော်လမြိုင်မြို့ ကုန်စည်ဒိုင်၌ မေလတတိယအပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ငါးခြောက်ဈေးနှုန်းများမှာ  ငါးနှပ် ၁ပိဿာ(အကြီး) ၄၀၀၀၀ ကျပ်၊ ငါးနှပ် ၁ပိဿာ(အလတ်) ၃၅၀၀၀ ကျပ်၊ ငါးနှပ် ၁ပိဿာ(အသေး) ၂၁၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်၊ ငါးကြံရွက် ၁ပိဿာ(အကြီး) ၁၁၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်၊ ငါးကြံရွက် ၁ပိဿာ(အသေး) ၆၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်၊ ငါးကွမ်းရှပ် ၁ပိဿာ(အကြီး) ၃၆၀၀၀ ကျပ်မှ ၄၂၀၀၀ ကျပ်၊ ငါးကွမ်းရှပ် ၁ပိဿာ(အလတ်) ၃၁၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်၊ ငါးကွမ်းရှပ် ၁ပိဿာ(အသေး)  ၂၅၀၀၀ ကျပ်မှ ၂၈၀၀၀ ကျပ်၊ ငါးစားပြက် ၁ပိဿာ(အကြီး) ၂၂၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်၊ ငါးစားပြက် ၁ပိဿာ(အလတ်) ၂၀၀၀၀ ကျပ်၊ ငါးစားပြက် ၁ပိဿာ(အသေး) ၁၆၀၀၀ ကျပ်မှ ၁၉၅၀၀ ကျပ် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

    ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ခြောက် ၁ပိဿာ(အကြီး) ၆၅၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်၊ ပုဇွန်ခြောက် ၁ပိဿာ(အလတ်) ၆၀၀၀၀ ကျပ်၊ ပုဇွန်ခြောက် ၁ပိဿာ(အသေး) ၄၂၀၀၀ ကျပ်မှ ၅၄၀၀၀ ကျပ် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)