မော်လမြိုင်မြို့နယ်ရှိ ဒူးရင်းသီးနှင့် ကြက်မောက်သီးဈေးနှုန်းများ

Powered by Drupal

      မော်လမြိုင်မြို့နယ် ကုန်စည်ဒိုင်၌ ဖြစ်ပေါ်လျက်ရှိသော ဒူးရင်းသီးဈေးနှုန်းများမှာ ယိုးဒယားသီး ၁ ကီလိုလျှင် ၁၃၀၀၀ ကျပ်၊ မြန်မာကိုင်းဆက်သီး ၁ ကီလိုလျှင် ၁၃၀၀၀ ကျပ်၊ မြန်မာသီး(ခြံသီး) ၂ကီလိုခွဲ(အကြီး) ၂၀၀၀၀ ကျပ်၊ မြန်မာသီး(ခြံသီး) ၁ ကီလိုအထက်(အသေး) ၁၀၀၀၀ ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    ကြက်မောက်သီးဈေးနှုန်းများမှာ မြန်မာကိုင်းဆက်သီး ၅၀လုံးလျှင် ၇၀၀၀ ကျပ်၊ မြန်မာသီး (ခြံသီး) ၅၀ လုံးလျှင် ၄၀၀၀ ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)