တောင်ငူခရိုင်၊ ဖြူးမြို့တွင် ဆန်နှင့်ပဲများဈေးကျ

Powered by Drupal

      တောင်ငူခရိုင်၊ ဖြူးမြို့တွင် ဒေသထွက်ပေါ်ဆန်းဆန်မှာ ၂၀၂၄ခုနှစ်၊ ဧပြီလဝက်ခန့်၌ တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်ရှိခဲ့ရာမှ မေလ၊ ဒုတိယအပတ်တွင် ၁၂၀၀၀၀ကျပ်၊ ဧည့်မထ(မိုး)ဆန်မှာ ဧပြီလဝက်ခန့်၌ တစ်အိတ်လျှင် ၈၀၀၀၀ကျပ်မှ ၈၅၀၀၀ကျပ်အထိရှိခဲ့ရာမှ မေလ၊ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၇၈၀၀၀ကျပ်မှ ၈၀၀၀၀ကျပ်၊ ဧည့်မထ(နွေ)ဆန်မှာ ဧပြီလဝက်ခန့်၌ တစ်အိတ်လျှင် ၇၅၀၀၀ကျပ်မှ ၈၂၀၀၀ကျပ်အထိရှိခဲ့ရာမှ မေလ၊ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၇၀၀၀၀ကျပ်မှ ၇၅၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

       မိုးစပါးမှာ တင်း၁၀၀လျှင် ကျပ်သိန်း၂၀ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး နွေစပါးမှာ တင်း၁၀၀လျှင် ၁၈၀၀၀၀၀ကျပ်မှ ၁၉၀၀၀၀၀ကျပ်အထိရှိပါသည်။ ဆန်ကွဲကြီးမှာ တစ်အိတ်လျှင် ၅၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဆန်ကွဲအသေးမှာ ဧပြီလဝက်ခန့်၌ တစ်အိတ်လျှင် ၄၆၀၀၀ကျပ်ရှိခဲ့ရာမှ မေလ၊ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၄၅၀၀၀ကျပ်၊ ဖွဲနုမှာ ဧပြီလဝက်ခန့်၌ တစ်အိတ်လျှင် ၁၇၅၀၀ကျပ်ရှိခဲ့ရာမှ မေလ၊ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

        မတ်ပဲ(ပိဿာ၃၀ဝင်အိတ်)မှာ ဧပြီလဝက်ခန့်၌ တစ်အိတ်လျှင် ၁၅၄၀၀၀ကျပ်ရှိခဲ့ရာမှ မေလ၊ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၄၈၀၀၀ကျပ်၊ ပဲတီစိမ်းမှာ ဧပြီလဝက်ခန့်၌ တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်ရှိခဲ့ရာမှ မေလ၊ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၉၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။ ပဲလွန်းဖြူမှာ မေလ၊ ဒုတိယအပတ်အတွင်း အရောင်းအဝယ်မဖြစ်ကြောင်း ဖြူးမြို့ ကမ္ဘာကြည်ပွဲရုံမှသိရှိရပါသည်။

DOCA(ပဲခူး)