၂၀၂၄ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၁၇၅) ကျပ် ၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၃၃၀၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၈၅)ကျပ် ၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၇၄၅)ကျပ် ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

      ယခု ၂၀၂၄ ခုနှစ်၊ မေလ တတိယပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၉၄၀) ကျပ် ၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၃၀၈၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၂၅)ကျပ် ၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၈၀)ကျပ် ဖြင့် ရောင်းချသောကြောင့် ယခင်မေလ ဒုတိယအပတ် စက်သုံးဆီဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၃၅) ကျပ် ၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၂၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၆၀)ကျပ် ၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၆၅)ကျပ်  ယခင်အပတ်ထက် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း သိရှိပါသည်။

      ယခင်၂၀၂၄ ခုနှစ်၊ ဧပြီလ တတိယအပတ်သည် သင်္ကြန်ပိတ်ရက်ဖြစ်သည့်အတွက် မေလတတိယအပတ်နှင့် နှိုင်းယှည်၍မရပါကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)