![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/95_1.jpg?itok=WQg8HH4g)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မြို့သစ်ဈေးတွင် မြေပဲပင်ပေါက်များ စတင်ရောင်းချနေကြောင်းသိရှိရသည်။ မြေပဲပင်ပေါက်များသည် တစ်နှစ်မှာ တစ်ခါသာစားရခြင်းဖြစ်သည်။ မြေပဲပင်စို့များကို နုတ်ယူရာတွင် တစ်ဧကလျှင် အချိန် ၁၀ပိဿာမှ ၁၅ပိဿာအထိနုတ်ယူရရှိပြီး မြေပဲနုတ်စဉ်အချိန်က လက်ကျန်များကျန်ရှိခဲ့မှုအနည်းအများပေါ်မူတည်ပြီး ရရှိခြင်းဖြစ်ပါသည်။ ရောင်းချသူများအနေဖြင့် မြေပဲကို မြေပဲပင်ပေါက်အဖြစ် အရင်းအနှီးများသောကြောင့် ပြုလုပ်ရောင်းချနိုင်ခြင်းမရှိသော်လည်း မြေပဲနုတ်ယူစဉ်က ကျန်ခဲ့သည့်လက်ကျန်များကြောင့်သာ စားသုံးသူများအား ရောင်းချနိုင်ခြင်းဖြစ်ပါသည်။ မြေပဲပင်ပေါက်ကို ထိပ်အရွက်၊ အညွန့်ကလေးများကိုဖဲ့ပြီး ကြော်၍သော်လည်းကောင်း၊ ပြုတ်ကြော်လုပ်၍လည်းကောင်း စားသုံးကြပါသည်။
ပြည်ဈေးကွက်အတွင်း ၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်အတွင်း မြေပဲပင်ပေါက်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ရှိပြီး မြေပဲဆန်တစ်တင်းလျှင် (၉၄၅၀၀)ကျပ်ထိရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)