
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ၂၀၂၄ခုနှစ်၊ မေလတတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen (၁၀)လုံးပါ (၁)ကဒ်လျှင် (၂၁၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ (၁)ကဒ်လျှင် (၄၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၃၆၀၀)ကျပ်၊ Burmeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် (၂၅၀၀)ကျပ်၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၂၀၀)ကျပ်၊ Cetirizine (၁၀)လုံးပါ (၁)ကဒ်လျှင် ( ၃၀၀)ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၄၀၀)ကျပ်၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် (၄၅၀)ကျပ်၊ Oramin –G (၅)လုံးပါ (၁)ကဒ်လျှင် (၃၇၀၀)ကျပ်၊ Solmux (၄)လုံးပါ (၁)ကဒ်လျှင် (၂၀၀၀)ကျပ်၊ Baby Cough (၁)ဘူးလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
အိမ်သုံးဆေးဝါးဈေးနှုန်းများအား မေလ ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက Decolgen (၁၀)လုံးပါ (၁)ကဒ်လျှင် (၂၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၄၀၀)ကျပ် ၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် (၅၀)ကျပ် ဈေးနှုန်းမြင့်တက်ကာ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၀၀)ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၁၀၀)ကျပ်၊ Oramin –G (၅)လုံးပါ (၁)ကဒ်လျှင် (၁၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး ကျန်အိမ်သုံးဆေးဝါးဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး ပုံမှန်အတိုင်းရောင်းချ လျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)