“လယ်ယာလုပ်ငန်းခွင်မှ လုပ်သားခဈေးမြင့်လာ”

Powered by Drupal

     မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်အတွင်းကျေးရွာများ၌ လယ်ယာလုပ်ငန်းခွင်များရှိ လုပ်သားခများ ဈေးမြင့်လာကြောင်း သိရသည်။ ယခင်နှစ်စိုက်ပျိုးရာသီအစ ကျား၊ မ လုပ်သားတစ်ဦးလျှင် နေ့စားခ (၄၀၀၀) ကျပ် ရှိခဲ့ပြီး၊ နောက်ပိုင်း (၅၀၀၀) ကျပ်သို့မြင့်တက်လာရာ ရာသီကုန်ချိန်တွင် (၆၀၀၀) ကျပ် သို့ ထပ်မံမြင့်တက်လာကြောင်း သိရှိရပါသည်။

    ဒေသတွင်းလယ်ယာလုပ်ငန်းခွင်အတွင်းဖေဖော်ဝါရီလကုန်ပိုင်းအထိသာ ပဲစဉ်းငုံခြွေလှေ့ခြင်း လက်ကျန်ဝါကောက်သိမ်းခြင်း၊ နွားစာအတွက် ပြောင်းရိတ်သိမ်း၊ နွားစာစဉ်းခြင်းများသာ ရှိပါသည်။ ၎င်းနောက်မတ်လမှာ ကြက်သွန်နီစိုက်ခင်းရေသွင်းသည့် ကျားလုပ်သားမှအပ လယ်ယာလုပ်ငန်းခွင်မှာ အလုပ်ပါးသော ကာလဖြစ်ပါသည်။

    ဧပြီလမှာ ကြက်သွန်နီနှုတ်ချိန်ဖြစ်၍ ကြက်သွန်နီနှုတ်ခြင်း၊ သယ်ယူခြင်း၊ အမြိတ်ဖြတ်ခြင်း၊ မြေပဲစိုက်ပျိုးရန်အတွက် မျိုးစေ့အခွံနွှာခြင်း၊ စိုက်ပျိုးမြေများရှိ အမှိုက်ကောက်ခြင်းတို့အတွက် ကျား၊မ လုပ်သားများအတွက်လည်းကောင်း၊ လာမည့်စိုက်ပျိုးရာသီအတွက် မြေခံမြေဩဇာအဖြစ် နွားချေးချခြင်းတွင် ကျားလုပ်သားများအတွက်လည်းကောင်း၊ လယ်ယာလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော ကာလဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)