ကျွန်းလှမြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကွပ်ကဲမှုအောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ ခုနှစ်၊ မေလ(၂၀)ရက်နေ့ နံနက်(၀၈;၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များရှိ ဘိလပ်မြေ အရောင်းဆိုင် (၃)ဆိုင်အား သွားရောက် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကျွန်းလှမြို့နယ်အတွင်းရောင်းချနေသော ဘိလပ်မြေအရောင်းဆိုင် များတွင်  ဘိလပ်မြေအမျိုးအစားများ ၊ တစ်အိတ်ချင်းစီ၏ တစ်အိတ်ဈေးနှုန်း၊ ပစ္စည်းပြတ်လတ်မှု ရှိ/မရှိ ကုန်ပစ္စည်းလက်ကျန်အခြေအနေမျာကို သိရှိနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်၍ တိုင်းဒေသ ကြီးဦးစီးမှူးရုံးသို့ အပတ်စဉ် ပေးပို့တင်ပြပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

          မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု ပြုလုပ်ရာတွင် ကျွန်းလှမြို့နယ်အတွင်းရှိ စားသုံးသူပြည် သူများ အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်ရန်နှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ဝယ်ယူရခြင်းများ မဖြစ်ပေါ်စေရေးအတွက် ဘိလပ်မြေရောင်းချသည့် ဆိုင်များသို့ ဘိလပ်မြေ ဝယ်ယူရရှိမှုအခြေအနေ၊ ဖြန့်ဖြူး ရောင်းချမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေတို့အား မေးမြန်းစုံစမ်းရာ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့ နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် ဈေးနှုန်းအနေဖြင့် ကြံ့နှစ်ကောင် အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် ၁၄၀၀၀ ၊ CROWN အမှတ်တံဆိပ် 525အမျိုးအစား တစ်အိတ်လျှင် ကျပ်၁၆၅၀၀၊ CROWN အမှတ်တံဆိပ် 425 အမျိုးအစား ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် ၁၆၀၀၀ တို့ဖြင့် ဈေးနှုန်း အတက်အကျပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်း နှင့် ဘိလပ်မြေဆိုင် များတွင် ပစ္စည်းပြတ်လတ်မှုမရှိကြောင်း၊ ကုန်ပစ္စည်း လက်ကျန်ရှိကြောင်း မေလ ဒုတိယအပတ်ထက် ဈေးနှုန်း အနည်းငယ်ထပ်မံကျဆင်းလျက်ရှိကြောင်း သိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)