ကန့်ဘလူခရိုင်၌ စိန်တလုံးသရက်သီးများ စတင်ရောင်းချ

Powered by Drupal

       မြန်မာနိုင်ငံတွင် သရက်သီးစိုက်ပျိုးထုတ်လုပ်မှုအရ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့်သရက်သီးအမျိုးအစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမောက်နှင့် စိမ်းချို စသောသရက်သီးအမျိုးအစားများ ဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် စိန်တလုံးသရက်ကို အများဆုံးစိုက်ပြီး ပတ္တမြားငမောက်နှင့် စိမ်းချိုစသည့် သရက်မျိုးများစိုက်ပျိုး ကြသည်။

          သရက်သီးသည် အစားအသောက်အဖြစ်သာအသုံးဝင်သည်သာမက ကျန်းမာရေးအတွက် အဟာရဓာတ်များကြွယ်ဝစွာပါဝင်ကြောင်း သရက်သီးကိုစားသုံးပေးခြင်းဖြင့် ပျက်စီးသွားသောဆဲလ်များကို အစွမ်းထက်သော Antioxidantမှ ပြန်လည်ကောင်းမွန်စေခြင်း၊ သရက်သီးတွင် Vitamin A, Eနှင့်Seleniumတို့ပါဝင်သဖြင့် နှလုံးရောဂါနှင့် အဖျားရောဂါများကို ပျောက်ကင်းစေခြင်း၊ သရက်သီးတွင် Phenolic Compound ပါဝင်သောကြောင့် Antioxidantမှ ကင်စာရောဂါများကို ကာကွယ်ပေးနိုင်ခြင်း၊ သံဓာတ်များလုံလောက်စွာပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် သွေးကင်ဆာရောဂါရှင်များအတွက် သက်သာပျောက်ကင်းစေခြင်း စသည့်ကျန်းမာရေးအကျိုးပြုမှုများကို ရရှိစေနိုင်ကြောင်းသိရှိရသည်။

          ကန့်ဘလူမြို့၊ သစ်သီးဆိုင်များတွင်ရောင်းချနေသော သရက်သီးဈေးနှုန်းအခြေအနေမှာ စိန်တလုံးသရက်သီးတစ်လုံးလျှင် (၅၀၀)ကျပ်နှင့် သုံးလုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှသိရှိရသည်။

DOCA(စစ်ကိုင်း)