ပခုက္ကူမြို့ပေါ် မေလ(တတိယပတ်) ရေထွက်ပစ္စည်းဈေးနှုန်းဈေးကွက်

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသောကြောင့် ငါးအမျိုးမျိုးရရှိသော်လည်း  မြို့နေလူဦးရေများပြားသောကြောင့်  မိမိတို့ဒေထွက် ငါးများဖြင့် မလုံလောက်သဖြင့် မြန်မာပြည်အောက်ပိုင်းရှိ ရန်ကုန်ငါးဒိုင်မှလည်း ဝင်ရောက်အရောင်း အဝယ်ဖြစ်နေပါသည်။  ပခုက္ကူဒေသမှထွက်ရှိသောငါးများမှာ ရေမောင်စာ၊ တီလာဘီးယား၊ ငါးကြင်း ဖြူ၊ ငါးမြင်း၊ အခြားငါးအမျိုးမျိုးနှင့် ပုဇွန်ဆိပ်တို့ဖြစ်ပါသည်။

          ပခုက္ကူဒေသထွက်၏ ရေထွက်ပစ္စည်းဖြစ်သော ငါးဈေးနှုန်းများမှာ ရေမောင်စာ တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ တီလားဘီးယား အကောင်သေး တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ တီလားဘီးယား အကောင်ကြီး တစ်ပိဿာလျှင် ကျပ် (၈၀၀၀) ၊ ငါးမြင်း တစ်ပိဿာလျှင် ကျပ်  (၅၇၀၀-၆၀၀၀)၊ ငါးခုံးမ တစ်ပိဿာလျှင် ကျပ်(၆၀၀၀)ဖြစ်ပြီး၊ ရန်ကုန်ငါးဒိုင်မှ  ဝင်ရောက်သောငါးကြီးသားဈေးနှုန်းများမှာ ငါးကြင်းဖြူ တစ်ပိဿာလျှင် ကျပ် (၈၀၀၀)၊ ဟင်းငံ (ငါး) တစ်ပိဿာလျှင် ကျပ် (၈၅၀၀)၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ်( ၇၅၀၀)၊ ငါးမုတ် တစ်ပိဿာလျှင် ကျပ် (၇၅၀၀)၊ငါးကြင်း မျက်ဆံနီ တစ်ပိဿာ လျှင်ကျပ် (၆၇၀၀)၊ ငါးခြစ် တစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)တို့ဖြစ်ပြီး  နေ့စဉ်ကုန်ချိန် (၂၀၀ မှ ၅၀၀) ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်းမြို့မဈေးသည်များနှင့် ငါးပုစွန်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)