ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့်အမှတ်(၂)ဈေးတို့တွင် ခရမ်းသီးများဈေးကောင်းနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ခရမ်းသီးများကို ပခုက္ကူကျွန်း၊ ဘောလုံးခုံ၊ လေးလံကျွန်း၊ မြင်းကျွန်း၊ ကုက္ကိုလ်လှ၊ သင်္ဘောကုန်း၊ ရွာသစ်ကုန်း ကျေးရွာများတွင် ခရမ်းသီးကို သီးညှပ်အဖြစ် အဓိကစိုက်ပျိုးကြပါသည်။ ခရမ်းသီးရာသီကုန်ဆုံးသည်ဖြစ်သောကြောင့် ခရမ်းသီး ဈေး မှာလည်း တရိပ်ရိပ်နှင့် ဈေးတက်လျက်ရှိပါသည်။ ယခုအချိန်တွင် ပခုက္ကူဒေသမှထွက်သော ခရမ်းသီး များ ရာသီစာကုန်ဆုံး၍ ပခုက္ကူမြို့အနီးအနားမြို့နယ်များဖြစ်သော မြစ်ခြေ၊ ကမ္မမြို့နယ်များမှ ထွက်ရှိသော ခရမ်းသီးများ နေ့စဉ်ကုန်ချိန် ပိဿာ(၃၀၀၀ မှ ၄၀၀၀ ထိ)ဝင်ရောက် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။

          ခရမ်းသီးဈေးနှုန်းမှာ ယခင်လများက ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၁၀၀၀-၁၅၀၀)ဈေးရှိခဲ့ပြီး ယခုမေလ(ပထမပတ်)မှစ၍ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၁၅၀၀ မှ ၂၀၀၀ ထိ)ဖြစ်ပါသည်။ မေလ (တတိယပတ်)တွင် ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၃၀၀၀)ဖြစ်ပြီး ယခင်လများနှင့် နှိုင်းယှဉ် ပါက တစ်ပိဿာလျှင် ကျပ်(၁၅၀၀)ဈေးတက်နေကြောင်း၊ ခရမ်းသီးမှရရှိသော ခရမ်းသီးခြောက်ဈေးမှာလည်း တစ်ပိဿာလျှင် ကျပ်(၆၀၀၀)ဖြင့် ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)