![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/133_5.jpg?itok=U4Kb4Z18)
တောင်ငူမြို့ရှိဈေးများတွင် ရာသီပေါ်ကနစိုးသီးများကို ရောင်းချနေပြီဖြစ်ပါသည်။ ကနစိုးသီးသည် ဗီတာမင်စီကြွယ်ဝသကဲ့သို့ သံဓါတ်ပါဝင်မှုကြောင့်လည်း သွေးအားကောင်းစေသည့်အပြင် ကိုယ်ခံအားကိုလည်းကောင်းစေပါသည်။
ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်သော အကောင်းဆုံးအားဖြည့်အစာတစ်မျိုးလည်းဖြစ်သည့်အပြင် ကယ်လ်ဆီယမ်ပါဝင်သောကြောင့် အရိုးပွခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်းလည်း သိရပါသည်။
ကနစိုးသီး၏ အရသာမှာ ချိုချိုချဉ်ချဉ်လေးရှိသဖြင့် လူကြီးလူငယ်မရွေး အအီပြေစားသုံးရန်နှစ်သက်ကြောင်း၊ ၂၀၂၄ခုနှစ်၊ မေလဒုတိယအပတ်မှ တတိယအပတ်အစအတွင်း ရောင်းချသောဈေးနှုန်းအနေဖြင့်ကနစိုးသီးကို တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ နှစ်ပိဿာယူလျှင် ၅၀၀၀ကျပ် ဖြင့်ရောင်းချကြောင်း ကနစိုးသီးရောင်းချသူတစ်ဦးထံမှ သိရပါသည်။
DOCA(ပဲခူး)