ကျိုက်မရော၌ဒေသထွက် ကြက်မောက်သီးများလှိုင်လှိုင်ထွက်ရှိသော်လည်းစျေးကျဆင်း

Powered by Drupal

          ကျိုက်မရောမြို့နယ်၌ ဒေသထွက်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်မောက်သီးများလှိုင်လှိုင် ထွက်ရှိနေပြီး ဖြစ်သော်လည်း အခြားမြို့များသို့ တင်ပို့ရန် လမ်းခရီးအခက်အခဲရှိ၍ စျေးအနည်းငယ် ကျဆင်းနေကြောင်း သိရသည်။

         ကျိုက်မရောဒေသထွက် ယိုးဒယားသီးများ လှိုင်လှိုင်ထွက်ရှိနေချိန်တွင် ကုန်သည်များ အဝယ်လိုက်နေသော်လည်း ရန်ကုန်မြို့ နှင့်အခြားသောမြို့ကြီးများသို့ တင်ပို့ရောင်းချရန် လမ်းပန်းဆက်သွယ်ရေး  အခက်အခဲကြောင့် ကြက်မောက်သီး ကုန်သည်များ အရှုံးပေါ် နေကြောင်းလည်းသိရသည်။ လက်ရှိ ဖြစ်ပေါ်နေသော မော်လမြိုင်၊ ရန်ကုန်သွားကားလမ်း အခြေအနေအရ ရန်ကုန်မြို့သို့ တင်ပို့ရမည့်အသီးများ နေပူရှိန်ပြင်းသဖြင့် အသီးများနွမ်းခြောက်ကာ ပို့ရန်ခက်ခဲလျက်ရှိနေသဖြင့် မော်လမြိုင်နှင့် သထုံ မြို့နယ် အထိသာရောင်းချနေရကြောင်း၊ ကြက်မောက်သီးအလုံး ၅၀ ပါတစ်တွဲလျှင် ယခင်က တစ်သောင်းထိ ရခဲ့သော်လည်း ယခုအခါ ၆၀၀၀ မှ ၅၀၀၀ ကျပ်ထိသာ ရရှိကြောင်း   ကျိုက်မရောမှ ကြက်မောက်သီးကုန်သည်  ဦးစိုးမြင့်ထံမှ သိရှိရပါသည်။

DOCA(မွန်)