![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/24.2_5.jpg?itok=trXs0vP_)
၂၀၂၄ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် နံနက် (၈:၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ဖျားရပ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ခရိုင်စီမံ၏အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများသည် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များအား ရောင်းချပေးခဲ့ပါသည်။
အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ကြက်ဥ တစ်ထုပ် (၃) လုံးပါ (၁၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ ငါးအသေး တစ်ထုပ် (၅) ကောင်းပါ (၁၀၀၀) ကျပ်၊ ဆန်တစ်ပြည်လျှင် (၃၄၀၀) ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် (၂၀၀) ကျပ်၊ ဝက်သား (၅၀ ကျပ်သား)လျှင် (၆၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ထုပ်လျှင် (၅၀၀) ကျပ်၊ မန်ကျည်းသီး တစ်ထုပ်လျှင် (၅၀၀) ကျပ်၊ ပဲခြမ်းကြီး တစ်ထုတ်လျှင် (၁၀၀၀) ကျပ်၊ ငရုတ်သီးခြောက် တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ အာလူး (၂၅ကျပ်သား)လျှင် (၁၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)