တောင်ငူမြို့တွင် Octane စက်သုံးဆီဈေးနှုန်းကျဆင်းပြီး ဒီဇယ်ဆီဈေးအနည်းငယ်တက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၄ခုနှစ်၊ မေလပထမအပတ်က Octane 92 တစ်လီတာလျှင် ၂၇၀၀ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၈၁၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၆၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၁၅ကျပ်ရှိပါသည်။ 

         မေလတတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ တောင်ငူမြို့ New Day စက်သုံးဆီဆိုင်၌ Octane 92 တစ်လီတာလျှင် ၂၆၆၀ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၇၉၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၈၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၄၀ကျပ်ရှိပါသည်။

          ရေတာရှည်မြို့ အောင်မေတ္တာစက်သုံးဆီအရောင်းဆိုင်တွင်  Octane 92 တစ်လီတာ လျှင် ၂၆၆၅ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၇၉၀ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၉၀ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၄၄၀ကျပ် ဖြင့်ရောင်းချလျှက်ရှိကြောင်းသိရပါသည်။

        ဖြူးမြို့ Denko စက်သုံးဆီအရောင်းဆိုင်တွင်  Octane 92  တစ်လီတာလျှင် ၂၆၆၀ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၇၈၅ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၈၅ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၄၄၀ကျပ်ရှိကြောင်းသိရပါသည်။

     သို့ဖြစ်၍ တစ်ပတ်အတွင်း Octane 92 တစ်လီတာလျှင် ၄၀ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၀ကျပ် ဈေးနှုန်းကျဆင်းပြီး ဒီဇယ် တစ်လီတာလျှင်၂၀ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၅ကျပ်ဈေးနှုန်း မြင့်တက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)